Thursday, November 12, 2009

ဤပြောရေးဆိုရာ

ဆက်လက် ဆွေးနွေးနိုင်သော အရင် ဆွေးနွေးချက်များ

1. Before Oct 2008

ဤပြောရေးဆိုရာ ကဏ္ဍသည် ဝီကီ နှင့် ပတ်သက်၍ ယေဘုယျဆန်ဆန် ပြောဆို
ဆွေးနွေးခြင်းဖြစ်သည်။ ထို့အပြင် ဤဝီကီကို ဝေဖန် ဆွေးနွေးရန်
လည်းဖြစ်သည်။ ဤပြောရေးဆိုရာသည် ဆွေးနွေးခြင်းများတွင် အရေးကြီးဆုံး
နေရာဖြစ်ပြီး ဝီကီသူကြီးများ နှင့် ဝီကီ ဝိုင်းတော်သား ပုံမှန်
ဖက်ရှုရာဖြစ်သည်။ အကြံဉာဏ်များကို ဝီကီသူကြီး ဖြစ်စေ၊ ဝီကီ ဝိုင်းတော်သား
ဖြစ်စေ၊ လူသစ်ဖြစ်စေ တန်းတူ မှတ်ယူရမည်။ ဆွေးနွေး ပြောဆိုခြင်း နှင့်
အများသဘော လက်ခံကျင့်သုံးခြင်းသည် ဤဝီကီ ရေရှည် တည်တံ့ရေးအတွက်
အရေးအပါဆုံးပင်ဖြစ်သည်။

စွယ်စုံကျမ်း အကြောင်းအရာအတွက်ကိုမူ စာမျက်နှာအလိုက် ၄င်း၏ ပြောရန်
စာမျက်နှာများတွင် သီးသန့် ဆွေးနွေး ကြရန်ဖြစ်သည်။ နည်းပညာနှင့်
ပတ်သက်သည်များကို နည်းပညာဆိုင်ရာ ဆွေးနွေးခန်း တွင် ဆွေးနွေးပါ။
မိမိကိုယ်ပိုင် အတွေးများကို ဆွေးနွေးရန် ဖြစ်ပြီး မသိသည်များကို
မေးမြန်ခြင်း ကဏ္ဍတွင် မေးပါ။ ဆွေးနွေးခြင်း မလုပ်လိုပါက အကြံပေး ထားခဲ့ပါ။
အကယ်၍ ဤဝီကီ နှင့် တိုက်ရိုက် မသက်ဆိုင်လျှင် ပြောချင်ရာသာ ပြော ကဏ္ဍတွင်
ရေးပါ။

Logo ပြင်ဖို့

မူရင်း လိုဂို Psd ဖိုင်ကို မလိုချင်တဲ့ နေရာတွေမှာ Alpha
ဖောက်ထားလိုက်ပါ။ ပြီးရင် Png Format နဲ့ Save လိုက်ပါ။ ပိတ်နေတဲ့
အဖြူသားတွေ ပျောက်သွားပါလိမ့်မယ်။--Lionslayer 17:03, 28 ဩ​ဂုတ်​ 2009
(UTC)
[ပြင်ဆင်ရန်​] အဖြူရောင်သံစဉ်မိသားစု၏ စုပေါင်း ရှင်ပြုရဟန်းခံ အလှူတော်မင်္ဂလာ

ကျွှန်တော်တို့ web hosting provider, APYTZ အဖြူရောင်သံစဉ်,
ရှင်ပြုရဟန်းခံ အလှူတော်မင်္ဂလာ လုပ်နေတယ်ဗျာ။ လှူဒါန်းသူများ
အားကျေးဇူးတင်ရှိပါတယ်။ အိုကိစံ 06:01, 18 ဇွန် 2009 (UTC)
[ပြင်ဆင်ရန်​] ဆာဗာများလို

MOE အား အင်တာနက်တွင် ခိုင်မြဲစွာ လွှက်တင်နိုင်ရန် ဆာဗာများ
အလိုရှိပါသည်။ ဆာဗာသည် PHP5 နှင့် MySQL (4 or 5) ရရန်လိုပါသည်။
မိမိကိုယ်ပိုင် ဒိုမိန်းနိမ်း တွင်၎င်း၊ မိမိကိုယ်ပိုင် sub-domain
တွင်၎င်း၊ MOE ပိုင် ဒိုမိန်းနိမ်းများ တွင်၎င်း အသုံးပြုနိုင်ပါသည်။

* ရိုးရာဒေါ့ကွမ်းမှာ ဖိုလ်ဒါတစ်ခုခွဲပြီး တင်ပေးလို့ ရပါတယ်။
--Lionslayer 17:03, 28 ဩ​ဂုတ်​ 2009 (UTC)

[ပြင်ဆင်ရန်​] ဝီကီပိဒီယ ပူးပေါင်းရေး (၁) Interwiki map

my.wiki က ကိုဇော်သက် ရဲ့ ဝီကီ စက်ရုပ်များ (ကိုဇော်သက် လည်း စက်ရုပ်ပဲ
:) ) ဖြင့်သာ တည်ဆောက်ထားသော နိုင်ငံတကာ လူကြီးများ အသိအမှတ်ပြု my.wiki]
နဲ့၊ ကျနော်တို့ အမှန်တကယ် ပြည်တွင်းဖြစ်တွေနဲ့ တည်ဆောက်ထားတဲ့ အပယ်ခံ
ဒီဝီကီ ကို အဖြည်းဖြည်းခြင်း ပေါင်းဖို့ ဆွေးနွေးဖြစ်ပါတယ်။ တကယ်တမ်း
ပေါင်းဖို့က ကြာဦးမှာပါ။ နည်းပညာအရ ပေါင်းလို့ မဖြစ်နိုင်သေးသလို
ဟိုဖက်ကလည်း ဇော်ဂျီ ကို လက်မခံသလို ဒီဖက်ကလည်း ယူနီကုဒ် ကို လက်ခံမှာ
မဟုတ်ပါဘူး။ ဖြည်းဖြည်းပေါ့။ ကျနော်တို့လို ဝီကီ ဝိုင်းတော်သား တွေအနေနဲ့
လောစရာ မရှိပါဘူး။ လူများများဖတ်လေ ကြိုက်လေ ဆိုတာထက်ပို၍ အခြား ဘာမူမှ
ကျနော်မှာ မရှိပါဘူး။

ပထမ အဆင့်အနေနဲ့ ကိုဇော်သက် အကြံပြုသလို ဒီဝီကီကို Interwiki map
ထဲပါဖို့အတွက် အဆိုတင်သွင်းဖို့ပါ။ ဒီဝီကီ ကို Wikipedia Foundation က
အသိအမှတ် မပြုခဲ့သော်လည်း၊ ယခုဆိုလျှင် မြန်မာ လူ့အဖွဲ့အစည်း အသိအမှတ်
အများဆုံး wiki ဝက်ဘ်ဆိုက် ဖြစ်တာမို့ Meta-Wiki အနေနဲ့ အသိအမှတ်
ပြုလိမ့်မယ်လို့ ထင်ပါတယ်။

အဲ့ဒီလို ဖြစ်လာပြီးရင် ဝီကီ ဝိုင်းတော်သား များစာမျက်နှာမှာ
ဝက်ဘ်ဆိုက်နှစ်ခု ပုံစံတူနဲ့ အပြန်အလှန် လင့်ခ်လုပ်ထားဖို့ပါ။
ထိုသို့လုပ်ခြင်းအားဖြင့် အမှန်တစ်ကယ် မပေါင်းရပေမယ့် ပေါင်းရသကဲ့သို့
ရှိစေပြီး နောင်တချိန် ပူပေါင်းတဲ့အခါ လွယ်ကူစေမည်လို့  လောလောဆယ်လည်း
နှစ်ဖက်လုံးတွင် ရေးသားသော ဝီကီ ဝိုင်းတော်သား တွေဖြစ်ပေါ်လာမှာဖြစ်ပါတယ်။


နိုင်ငံ တကာက လက်ခံ အသိအမှတ်ပြုလာအောင်ရယ်၊ ဒီဝီကီ ကြီးထွားလာရင်
ကြုံရမယ့် နည်းပညာ အခက်အခဲများဖြေရှင်းဖို့ အင်အားကြီးမားတဲ့
အပြည်ပြည်ဆိုင်ရာ ဖောင်ဒေးရှင်း တစ်ခုခုရဲ့ အကူအညီကို ရအောင်ရယ်
ကြိုးစားသင့်တယ်လို့ ကျွန်တော်လည်း ထင်မြင်မိပါတယ်။ အများသဘောတူပြီး
အဆင်ပြေမယ့် နည်းလမ်းတစ်ခုကို ညီညီညွတ်ညွတ်နဲ့ စုပေါင်း
အဖြေရှာသင့်တယ်လို့ အကြံပေးပါရစေခင်ဗျာ။ --ဘလူးဖီးနစ် 04:38, 17 အောက်
တို​ဘာ​ 2008 (UTC)

နှစ်ခု ပူးပေါင်းတယ် ဆိုရာမှာ ဘယ်လို တွေ ပူးပေါင်းချင်ကြတာလဲ
ဆိုတာတော့ ကျနော် မတွေးတတ်တော့ပါ။ ဘယ်သူမှ ပေါင်းပေါင်း မပေါင်း
မပေါင်းပေါင်း ကျနော်ကတော့ ပေါင်းနေတာ ကြာပါပြီ။

ခွင့်တောင်းတန်တာတောင်း မတောင်လို့ဖြစ်တာလည်း မတောင်းဘဲ ဟိုဘက်ကဟာကို
ဇော်ဂျီပြောင်းပြီး ဒီဘက်ထဲထည့်တယ်၊ ပေါလစ်ရှ်လုပ်တယ်။ ထိုအတူ ဒီဘက်က
ကြောင်းအရာကိုလည်း ယူနီကုဒ်ပြောင်းပြီး ဟိုဘက်ထဲ ထည့်လိုက်ပါတယ်။
လေနဲ့ထိုင်ပေါင်း၊ သူက ဟိုလို ငါကဒီလို ခွဲခြားတယ်၊ ဘာညာတွေက
ထိုင်ပြောနေရင်တော့ မသိဘူး။

ကျနော်ကကတော့ ရေးတာနဲ့ အလုပ်ဖြစ်တာပဲ ကြည့်မြင်လိုက်ပါတယ်။
ကိုဘလူးဖီးနစ်ကြီးပြောတာလည်း ဒီနည်းနဲ့ဆို အိုကေ သွားမယ် ထင်ပါရဲ့။ ဘာကို
Centric လုပ်ကြမှာလဲသာ အရေးကြီးတယ် ယူဆပါတယ်။ --mm thinker 08:01, 25 မတ်
2009 (UTC)

အေးဗျာ၊ အဲ့ဒီလိုပဲ ကောင်းပါတယ်။ ရေးသူနဲ့ ဖတ်သူ အဆင်ပြေဖို့က
အဓိကပဲ။ အိုကိစံ 13:03, 25 မတ် 2009 (UTC)

[ပြင်ဆင်ရန်​] စာညွှန်း နှင့် ကိုးကား

အခုမှ စဉ်းစား ကြည့်မိတယ်၊ စာညွှန်း နှင့် ကိုးကား အဓိပ္ပါယ် တူပုံမရဘူး။
ကိုးကား မှာ <References /> ထဲ့ပြီး စာညွှန်း ကတော့ ဆက်လက်ဖက်ရှုရန် စာများ
ဖြစ်ပုံရသဗျ။ အိုကိစံ 12:57, 20 စက်တင်ဘာ​ 2008 (UTC)

ဟုတ်တယ်။ ဒါပေမယ့် ကျုပ်ကတော့ ကျုပ်ရေးသမျှမှာ ဟာမိုနီဖြစ်အောင်
"ရည်ညွှန်းကိုးကား"လို့သုံးတယ်။ နှစ်ခုစလုံးကို ဆိုလိုချင်တယ်။ သင်ကာ
နေ့လည် ၁၂ နာရီ ၁၆ မိနစ်၊ ၂၀၀၈ (UTC)

[ပြင်ဆင်ရန်​] Video tutorial

လူတွေက ပြောကြတယ်ဗျာ၊ အိုကိစံ tutorial videos တွေမှာပြောတာ
သိပ်ပျင်းစရာကောင်းပြီး ခြောက်ကပ်ကပ်နိုင်တယ်လို။ အမျိုးသမီးပြောသင့်တယ်
လို့လဲ အကြံပြုကြပါတယ်။ တော့ကီ အသံ ပေးမည့်သူများ ဆက်သွယ်ပါ။ အိုကိစံ
07:43, 19 စက်တင်ဘာ​ 2008 (UTC)
[ပြင်ဆင်ရန်​] ဖတ်ရှုဖွယ် အကြောင်းအရာများ

ဗဟိုစာမျက်နှာမှာ ဖတ်ရှုဖွယ် အကြောင်းအရာများ (featured articles)
ထည့်သင့်ပြီလို့ ထင်ပါတယ်။ ရွေးပြီး စရအောင်ဗျာ။ ဗဟိုစာမျက်နှာရဲ့
ဘယ်နေရာမှာ ထည့်သင့်လည်း ဆွေးနွေးကြပါ။ အိုကိစံ 00:50, 20 စက်တင်ဘာ​ 2008
(UTC)

"စွယ်စုံကျမ်း" ရဲ့အပေါ်။ "ကျွန်တော်တို့အကြောင်း" ကို
ညာဖက်ရွှေ့သင့်တယ်လို့လည်း ထင်ပါတယ်။ အိုကိစံ 01:17, 20 စက်တင်ဘာ​ 2008
(UTC)

"ဖတ်ရှုဖွယ်"ဆိုတဲ့ အသုံးကို မကြိုက်ပါ။ ရှေးဆန်လွန်းနေသည်။ Featured
Article ကို အသုံးသတ်သတ်ရှိပါသည်။ စာနယ်ဇင်းအဘိဓာန် ကျနော်
ပြန်ကြည့်ပါဦးမည်။ (သင်ကာ)

ကျေးဇူးဗျာ။ စာလုံးနဲ့ ပါတ်သက်ရင် ကိုသင်ကာကို အားကိုးပါတယ်။
အိုကိစံ 06:24, 23 စက်တင်ဘာ​ 2008 (UTC)

[ပြင်ဆင်ရန်​] ဖားကြီး၏ ဝေဖန်ချက်

ဖားကြီး ရဲ့ ဝေဖန်ချက်တွေ လည်း ကောင်းသဗျ။
[ပြင်ဆင်ရန်​] No to Board of Member

ကန့်လန့်ကာ နောက်ကွယ်ကနေ ဤဝီကီကို ကြိုးကိုင်ချင်တဲ့ Board of Member
(BOM) လူတမ်းစား ပေါ်ပေါက်ရေးကို အိုကိစံ ကန့်ကွက်ပါတယ်။

အိုကိစံ၊ ခင်ဗျားဆိုလိုချင်ရင်းကို နားမလည်ပါ။ ဤနေရာမျိုးမှာ
အလုပ်စဉ်ကို စိတ်အနှောက်အယှက်ဖြစ်စေတာမျိုးတွေ မတင်သွင်းတာ ကောင်းပါတယ်။
မေးလ်နဲ့ ဖြစ်ဖြစ်၊ ဘလော့ဂ်မှာ ဖြစ်ဖြစ်၊ Forum တွေမှာဖြစ်ဖြစ်
ပြောစေလိုပါတယ်။ ဒီနေရာမှာ ဒီလို အဆိုပြုတာတွေဟာ အသစ်ဝင်ရောက်လာသူများကို
စိတ်ရှုပ်ထွေးစေတာကလွဲလို့ ဘာမှ အကျိုးမရှိဘူးလို့ မြင်ပါတယ်။
အမ်.အမ်.သင်ကာ နေ့လည် နာရီ ၂၈ မိနစ်၊ စက်တင်ဘာ ၂၀၀၈ (UTC)
ကျေးဇူးတင်ပါတယ်။ ကျနော်ထင်တာတော့ လူအများပါဝင် စိတ်ဝင်စား ပါတ်သက်လေ
ပိုကောင်းလေလို့ မြင်ပါတယ်။ အမှန်အတိုင်းပါပဲ။ ဖုန်းကွယ် အောင့်အီးဖို့
မလိုပါဘူး။ ဒီနေရာက အသင့်တော်ဆုံးပါ။ အိုကိစံ 06:22, 23 စက်တင်ဘာ​ 2008
(UTC)


ဝီကီရေးသာသူများ ပါဝင်သော ဝီကီ ဝိုင်းတော်သား အဖွဲလေး ဒီဝက်ဘ်ဆိုက်
ထည်မှာပဲ ဖြစ်ဖို့တော့ တဖြည်းဖြည်းချင်း လုပ်ယူချင်ပါတယ်။ အဓိက
အကြောင်းကတော့ personally ရင်းနှီးဖို့နဲ့ ကူညီကြဖို့ပါ။ BOM လို ဒီဝီကီ
ကို run ဖို့တော့ မဟုတ်ပါဘူး။ အိုကိစံ 02:58, 18 စက်တင်ဘာ​ 2008 (UTC)

လုပ်ပါ၊ ကောင်းတယ်၊ ကျနော်လည်း ရောက်ပါတယ်။ (သင်ကာ)

[ပြင်ဆင်ရန်​] Hosting MOE

မည်သူမဆို MediaWiki (PHP5+MySQL5) ရှိသူတိုင်း ဤဝီကီကို mirror
လုပ်ကြဖို့ တိုက်တွန်းလိုပါတယ်။ အိုကိစံ 15:31, 15 စက်တင်ဘာ​ 2008 (UTC)

co.cc ကြီးက လှုပ်တုတ်တုတ် အသံထွက်နေပါတယ်။ အခု အမ်အိုအီးကတော့ co.cc
ချည်းပဲ ရီဒါရိုက် ဝင်တာ တွေ့ရပါတယ်။ အဲဒါ ဘယ့်နှယ်အခြေအနေရှိသလဲ အိုကိစံ
ဖြေပေးပါဦး။ --mm thinker 08:03, 25 မတ် 2009 (UTC)

ဘာတွေလှုပ်တာလဲဗျ။ ဒီ domain name ပိတ်လည်း
နောက်တစ်ခုပြောင်းတာပေါ့။ သက်ဆိုင်ရာတွေကတော့ ပိတ်ဖို့ မရှိပါဘူး။
ကျနော်အနေနဲ့တော့ domain name က အရေးမကြီးပါဘူး။ နောက်ပိုင်း wikipedia
ပဲ ပေါင်းသွားမှာပါ။ wikipedia.org က ကိုစည်သူအောင် ကိုင်တာပါ။ အရင်
email discussion အတိုင်းပါပဲ zawgyi.org server မှာ ဒီ wiki ကို
နိုင်အောင် hosting မပေးနိုင်လို့ APYTZ ကိုပြောင်းလိုက်ပါတယ်။
ကျနော်အနေနဲ့တော့ server မပျက် run နိုင်ဖို့က ကျနော်ရဲ့တာဝန်ပါ။ domain
name တွေ၊ policy က အများနဲ့သာဆိုင်ပါတယ်။ ဆွေးနွေးတာကို ဝမ်းသာပါတယ်။
အိုကိစံ 12:31, 25 မတ် 2009 (UTC)

[ပြင်ဆင်ရန်​] Donation

လှူဒါန်းမှုများနှင့် ကုန်ကျမှုများနဲ့ပတ်သက်လို့ Balance sheet မှာ အမြဲ
ရေးသားကြပါဗျာ။ ငွေရေးကြေးရေးမှာ ရှင်းရှင်းလင်းလင်း ရှိဖို့
အလွန်အရေးကြီးပါတယ်။

ဆွေးနွေးစရာများကိုလည်း အဲဒီ talk page မှာ ဆွေးနွေးပါ။Okisan 02:41, 2
စက်တင်ဘာ​ 2008 (UTC)
[ပြင်ဆင်ရန်​] Featured page

ဗဟိုစာမျက်နှာမှာ Featured page တွေစရင် ကောင်းမယ်ထင်တယ်။ အိုကိစံ 13:20,
11 စက်တင်ဘာ​ 2008 (UTC)
[ပြင်ဆင်ရန်​] အင်္ဂလိပ် အခေါ်အဝေါ်များ အသုံးပြုခြင်း

ကိုသင်ကာ.. နာမည်တွေဘေးမှာ အင်္ဂလိပ်လို ဒေါ်ခင်ကြည်ဆိုပါတော့ (Daw Khin
Kyi)ဆိုတာမျိုးပေါ့ .. အီးလိုလည်း ရှာလို့ရအောင် ထည့်ရေးကြရင်ကောင်းမလား.
ဥပမာ ဒေါ်အောင်ဆန်းစုကြည် ဆိုတဲ့ နေရာမှာ Daw Aung San Suu Kyi ဆိုပြီး
ရေးသလိုမျိုးပေါ့.. ကျွန်တော်အထင်တော့ အဲလိုရေးလိုက်ရင် ပိုပြီးတော့ လည်း
ရှာရတာလည်း လွယ်ကူမယ်ထင်ပါတယ်။ --82.103.192.162 07:58, 30 ဩ​ဂုတ်​ 2008
(UTC)

ဒီလို အရေးကြီးတဲ အချက်ကို တင်ပြဆွေးနွေး တာ ကျေးဇူးတင်သဗျာ။
ကျနော်အမြင် ကတော အင်္ဂလိပ် ကို သင့်တော်သော်နေရာများမှာ (အထူးသဖြင်
နည်းပညာဆိုင်ရာ) ဘာသာပြန်ခြင်း၊ သံရောက်ပြန်ခြင်း မပြုပဲ တိုက်ရိုက်
သုံးချင်ပါတယ်။ Okisan

ဟုတ်တယ်ဗျ ပြီးတော့ redirect ပါလုပ်လိုက်ရင် ပိုကောင်းမယ်ဗျ။
တတ်နိုင်သလောက်ပေါ့လေ။--Sithu Aung 04:58, 31 ဩ​ဂုတ်​ 2008 (UTC)

ဟုတ်ကဲ့ သဘောတူညီမှုရှိရရင် လူအမည်တွေကိုလည်း အင်္ဂလိပ်လို ရှာလို့
ရအောင် လုပ်ကြပါဗျ။ ကောင်းပါတယ်။ MOE အရေးအသားဆိုင်ရာ ကျနော့်ရဲ့
အကြံပြုချက် (၃.၃) မှာ ကျနော် ဒီလို ရေးထားပါတယ်။ ထိုစဉ်က နာမည်များနဲ့
ပတ်သက်လို့ ကျနော့် ထည့်မတွေးထားပါဘူး။

(၃.၃) စကားလုံးဖလှယ်ခြင်း - အကြောင်းအရာများကို ရေးသားရာတွင်
အခြားဘာသာများ၏ စကားလုံးများကို သုံးစွဲရန် မလွဲမသွေ
ကြုံတွေ့ရမည်ဖြစ်သည်။ ထို့ကြောင့် စနစ်တကျဖြစ်ရန်
သတ်မှတ်ချက်ကလေးရှိလျှင် ကောင်းမည်ဖြစ်သည်။ ဥပမာ အင်္ဂလိပ်စကားကို
ထည့်သွင်းရမည်ဆိုပါက ယင်းစာလုံးကို မြန်မာဘာသာဖြင့် ရှိလျှင်
မြန်မာ+အင်္ဂလိပ် တွဲ၍ ထည့်သင့်ပါသည်။ ကိုယ့်ဘာသာ တီထွင် ဘာသာပြန်၍
အင်္ဂလိပ်လိုတွဲ၍လည်း ထည့်နိုင်ပါသည်။ ဥပမာ "ရိုဘော့"ဟု ရေးမည့်အစား
"စက်ရုပ် (Robot)"ဟု ရေးသင့်ပါသည်။ ပညာရပ်ဆိုင်ရာ အသုံးအနှုန်းများကိုမှု
မြန်မာလို ရှိစေကာမူ အင်္ဂလိပ်လိုပါ တွဲထည့်ပေးခြင်းဖြင့်
ရှာဖွေဖတ်ရှုသူအတွက် ကျေးဇူးများစေမည်ဖြစ်သည်။ ဥပမာ -
ရေရှည်တည်တံ့သောဖွံ့ဖြိုးရေး (Sustainable Development)။

အမ်.အမ်.သင်ကာ နေ့လည် ၁ နာရီ ၃၉ မိနစ်၊ သြဂုတ် ၃၁၊ ၂၀၀၈။


[ပြင်ဆင်ရန်​] ဆွေးနွေးငြင်းခုံမူများ

လိုအပ်ချက်များ ၊ စံ သတ်မှတ်ချက်များ ၊ ရေးသားပုံသိသော်လည်း ဘယ်လို
ရေးသားရမည်။ ဘယ်လို idea ၊ ဘယ်လို အရေးအသားနှင့် ရေးသားရမည်တို့ကို
အောက်ပါတို့တွင် ဆွေးနွေးငြင်းခုံကြမည် ဖြစ်သည်။ --Saturngod 08:28, 21
ဇူ​လိုင်​ 2008 (UTC)

မြန်မာ ၀ီကီစနစ်များ

ကျွန်တော်တို့ ရေးသားရာမှာ ပုံစံတကျ ရေးသားဖို့ လိုပါမယ်။ ဘလောက်ရေးတဲ့
လေသံမျိုး၊ အရေးအသားမျိုး လုံးဝ မရေးသင့်ပါဘူး။ ၀ီကီ ဆိုတာ
စွယ်စုံကျမ်းဖြစ်တယ်ဆိုတာ မမေ့သင့်ပါဘူး။ တတ်နိုင်သမျှ အင်္ဂလိပ်ဝီကီ ရဲ့
စံနစ်တွေကို ကျင့်သုံးသင့်ပါတယ်။ မသိရင် အရင် လေ့လာသင့်ပါတယ်။ ကျွန်တော်
ရေးခဲ့တဲ့ ဆောင်းပါးတွေကို ဒီမှာ တင်ဖို့ ပြန်ကြည့်တော့ တစ်ခုမှ စံနဲ့
မကိုက်လို့ တင်လို့ မဖြစ်ပါဘူး။ အက်ဒမင်များ အနေနဲ့ စံသတ်မှတ်ချက်များကို
အင်္ဂလိပ်ဝီကီ အတိုင်း ထားမလား၊ ကိုယ်ပိုင် စံသတ်မှတ်ကြလားဆိုတာ
စောစောတည်းက ရှင်းလင်းအောင် ရေးထားစေချင်ပါတယ်။--ဘလူးဖီးနစ် 08:15, 21 ဇူ
လိုင်​ 2008 (UTC)

အင်္ဂလိပ်ဝီကီ အတိုင်း ထားချင်ပါတယ်။ သူတို့ အများစုပေါင်းရေးစပ်ရန်
အဆင်ပြေအောင် စည်းချထားပြီးဖြစ်လို့ပါ။ မြန်မာတို့ နဲ့ မကိုက်ညီတာကတော့
ပြုပြင်ရမှာပါ။ ဒါကြောင့် 100% နီးပါး တူမယ်ပေါ့။ Okisan 05:53, 25 ဇူ
လိုင်​ 2008 (UTC)

topic အောက်တွင် ထပ်မံ ပြီး topic အကြီးကြီးတစ်ခု ကပ်နေခြင်း က
ကြည့်ရဆိုးပါတယ်။ ဒီမိုကရေစီ ဆိုတဲ့ title ရောက်သွားရင် ထပ်ပြီး
ဒီမိုကရေစီ ဆိုပြီး ထပ်မံရေးစရာမလိုပဲ အကြောင်းအရာ အကျဉ်းချုပ်သာ
ရေးသင့်ပါတယ်။ အကျဉ်းချုပ်အောက်မှာမှ ထပ်မံပြီး ခေါင်းစဉ်တွေ
ရေးသားသင့်ပါတယ်။ --Saturngod 08:28, 21 ဇူ​လိုင်​ 2008 (UTC)

ကောင်းမယ်ထင်ရင် ရဲရဲသာ ပြင်လိုက်ပါ။ Okisan 05:54, 25 ဇူ​လိုင်​ 2008 (UTC)

ပြင်လိုက်မယ်

Ref => http://wikimyanmar.co.cc/

No comments:

Post a Comment